Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး

မန္တလေး မေ ၁၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ရှိ Ayeyarwaddy Success Centure Foods Co., Ltd ၏ မားမားခေါက်ဆွဲခြောက်စက်ရုံနှင့် မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ချန်းကျန်အထည်ချုပ်စက်ရုံတို့ရှိ အာမခံအလုပ်သမား ၁၅၃၁ ဦးကို ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ကြည့်ရှုအားပေး

ယင်းနောက် လုပ်ငန်းရှင်များ၊ HR မန်နေဂျာများ၏ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်