ရန်ကုန် ဇူလိုင် ၂၈
မော်ကွန်းမှတ်တမ်းများသည် နိုင်ငံအတွက် အဖိုးထိုက်တန်၍ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းမှတ်တမ်း အထောက်အထားများဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရှိရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ယနေ့နံနက်ပိုင်းတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုစဉ် ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ရုံးခွဲရှိ မော်ကွန်းပြခန်း၌ ပြသထားသည့်ပြကွက်များ၊ မော်ကွန်းသိမ်းဆည်းခန်း၊ ရည်ညွှန်းစာဖတ်ခန်း၊ Digitization ဆောင်ရွက်သည့်အခန်း၊ မှတ်တမ်းမော်ကွန်းသိမ်းဆည်းခန်းများ၊ မိုက်ခရိုဖလင်ရိုက်ကူးရေးခန်းနှင့် Non-Paper သိမ်းဆည်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
