Skip to main content

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၁

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၆၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို စစ်ရေးပြအစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုများအား ဂုဏ်ပြုဆုများပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေများ၊ ဝတ်စားဆင်ယင်မှု အကောင်းဆုံး ဆုရရှိကြသူများ၊ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် အိမ်ထောင်သည် လိုင်းခန်းသန့်ရှင်းရေးနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများတွင် ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။ ထို့အပြင် တိုင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်များကို ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်