Skip to main content

မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်တောများ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်

မော်လမြိုင် နိုဝင်ဘာ ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် သယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းဖြစ်စေရေး ဆောင်ရွက်လျက်ရှိပြီး မွန်ပြည်နယ်အတွင်း ကြိုးဝိုင်း၊ ကြိုးပြင်တောများ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သယံဇာတထုတ်ယူသုံးစွဲခြင်းများတွင် လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်သူကအားကိုးထိုက်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးဝင်းနှင့် ဝန်ထမ်းအိမ်ရာဝင်းအတွင်း စိမ်းလန်းသာယာလှပရေးဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်