Skip to main content

“ခေတ်ဆန်းချိန်” အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲမြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် နိုဝင်ဘာ ၁၂

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့်စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday NightLiveShowတေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် “ခေတ်ဆန်း ချိန်”အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၄ ရက် သောကြာနေ့ ည၉ နာရီခန့်၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertain-ment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။

အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏တီးခတ်မှုနှင့်အတူ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ရသ၊ ဈာန်ထူး၊ ဖြိုးဘိုဘို၊ လျှမ်းထက်ကို၊ စဝ်ဝဏ္ဏကျော်စွာ၊ စိမ့်နေခြည်၊ ရဲရင့်ဝေလွင်၊ အိအိလှိုင်နှင့် မေ့ချစ်သက်တို့က အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်နိုင်ရန်နှင့် ဂုဏ်ယူနိုင်ရန်အတွက် ဇာတိမာန်တက်ကြွစေမည့်ခေတ်အဆက် ဆက်ထင်ရှားကျော်ကြားခဲ့သည့် တေးသီချင်းကောင်းများနှင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HDChannel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App၏ EntertainmentSector နှင့် MRTVTelegramတို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channelမှ Replay ထပ်မံ ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်