နေပြည်တော် နိုဝင်ဘာ ၁၁
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “မြန်မာ့စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်စို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာစကား) တို့၏ “မြန်မာ့စာပို့တိုက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာ့စာပို့တိုက်ကွန်ရက်ဖြင့် ချိတ်ဆက်ဆောင်ရွက်စို့” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ ကိုကျော်စွာ (ကျိုက်ပိ)၊ ဇလွန်ကျော်ဦး၊ ထက်ဝေအောင် (စစ်ကိုင်း) တို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ မြသိန်း၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ ကျော်နန္ဒအောင် (အမ်ပီအေ) တို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ) ၏ စီးပွားရေးဆိုင်ရာဆောင်းပါး၊ မောင်ခင်ညို (မန်းတက္ကသိုလ်) ၏ မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊ ရဲရင့်နဒီ၏ ကလေးအလုပ်သမားဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာ မြင့်သန်း၊ ကိုကိုအောင် (အလုပ်သမား)၊ ဒေါက်တာ လွင်သန့်၊ ဒေါက်တာ ကောင်းစံတို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ လင်း-ဆေး (၁)၊ စိုးစိုး (ပန်းတောင်း)၊ ပါမောက္ခ ဦးသိန်းလှိုင်၊ သားကျော်၊ ဆောင်းဝင်းလတ်၊ ဒေါက်တာ စန်းဦး၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
