Skip to main content

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်ဆုချီးမြှင့်      

နေပြည်တော် နို၀င်ဘာ ၂

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိအားကစားကွင်း၌ ကျင်းပသည်။

ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဗိုလ်လုပွဲပြိုင်ပွဲတွင် ပုသိမ်ဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပွဲပြီးသည်အထိ ဂိုးမရှိသရေကျသဖြင့် အချိန်ပိုနှင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ပုသိမ်ဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက နေရာအလိုက် အကောင်းဆုံး (အမျိုးသမီး၊ အမျိုးသား) အားကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကိုလည်းကောင်း၊ တတိယဆုရ မော်လမြိုင်ဇုန် (အမျိုးသမီး) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆု ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ တတိယဆုရ ရန်ကုန်ဇုန် (အမျိုးသား) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့အတူ ဒုတိယဆုရ နေပြည်တော်ဇုန် (အမျိုးသမီး) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ဒုတိယဆုရ မော်လမြိုင်ဇုန် (အမျိုးသား) အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ဒုတိယဆုရ နေပြည်တော်ဇုန် (အမျိုးသမီး) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ဒုတိယဆုရ မော်လမြိုင်ဇုန် (အမျိုးသား) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေကျပ်သိန်း ၃၀ ကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပထမဆု ရရှိသော ပုသိမ်ဇုန် (အမျိုးသမီး) အသင်းကို တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေကျပ်သိန်း ၅၀ နှင့် တံခွန် စိုက်ဆုဖလားကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပထမဆုရ ပုသိမ်ဇုန် (အမျိုးသား) အသင်းကို တစ်ဦး ချင်းဆုတံဆိပ်များ၊ ငွေကျပ်သိန်း ၅၀ နှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

သတင်းစဉ်