နေပြည်တော် စက်တင်ဘာ ၃
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၃ ဒသမ ၈၉၁၄ တန်၊ သစ်မာ ၂ ဒသမ ၃၅၀၆ တန်၊ အခြား ၁၅ ဒသမ ၉၀၆၀ တန် စုစုပေါင်း ၂၂ ဒသမ ၁၄၈၀ တန်၊ ယာဉ်/ယန္တရား လေးစီး၊ တရားခံရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်