ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအမှတ် (၂) နေပြည်တော်
၁။ လိုင်စင်ဆိုင်ရာ အခကြေးငွေများပေးသွင်းခြင်းနှင့် လုပ်ငန်းအစီရင်ခံစာများပေးပို့ခြင်းတို့အား ဆောင်ရွက်ရန်ပျက်ကွက်လျက်ရှိသည့် အောက်ဖော်ပြပါဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ကို ၂၀-၂-၂၀၂၃ နေ့တွင်ရရှိသော ကုမ္ပဏီများသည်ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူ၏ တာဝန်များအား လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်၍ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေများ အပိုဒ် ၃၉ (က) (၂) အရ ထိုက်သင့်သော အခွင့်အရေးပေးသည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ဖြေရှင်းချက်နှင့်အတူ သက်ဆိုင်ရာအခကြေးငွေများ လာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ရက်အတွင်း ပေးသွင်းခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်-
(၁) Sane Shwe Htin Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]
(၂) Thunder Arrow Co., Ltd [ NFS(C) လုပ်ငန်းလိုင်စင်ရ]
၂။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၄၇၉ သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။