၁။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ပါသည်။
၂။ ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို https://bit.ly/47Md8Ck တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး တယ်လီဖုန်းအမှတ် ၀၆-၇ ၃၄၀၄၀၄၉၊ ၀၆-၇၃၄၀၄၀၇၁ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန