Skip to main content

၂ဝ၂၅ ခုနှစ် ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ထွက်ရှိ

နေပြည်တော် ဩဂုတ် ၃၁

၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “နိုင်ငံ့စီးပွားတိုးတက်ရေး ကျွမ်းကျင်လုပ်သားတန်ဖိုးမြှင့်တင်ပေး” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဩဂုတ်လ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။

၂ဝ၂၅ ခုနှစ် ဩဂုတ်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား) တို့ ၏ “နိုင်ငံ့စီးပွားတိုးတက်ရေး ကျွမ်းကျင်လုပ်သားတန်ဖိုးမြှင့်တင်ပေး” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီမော်သိမ်း၊ ညီညီဖေ၊ ထက်ဝေအောင် (စစ်ကိုင်း)၊ ပါမောက္ခဦးသိန်းလှိုင်တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ အေးထွန်းမင်း၊ ဒေါက်တာ သန်းထွဋ်တို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ စိန်ဝင်းနွယ်၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါး၊ မြသိန်း၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ ခင်မောင်အေးတို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ရွှေသင် (MPP)၊ မြင့်မောင် (Phil-Q) တို့၏ စီးပွားရေးဆိုင်ရာဆောင်းပါးများ၊ ကိုဇော်ဌေး (ယဉ်ကျေးမှု) ၏ မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊ ဒေါက်တာ မြင့်သန်း၊ ကိုကိုအောင် (အလုပ်သမား)၊ ဒေါက်တာ သိန်းဝင်း၊ ရှင်စောဖြူတို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ ဆောင်းဝင်းလတ်၊ စိုးစိုး (ပန်းတောင်း)၊ ကြည်လွင်ဦး (ရေနံ)၊ ဒေါက်တာ စန်းဦး၊ စိန်ဝင်းမော်၊ မော် (သန်လျင်) တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ်၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၄၀၃၁၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာ ယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်