Skip to main content

စာဆိုဗိမာန်အဆောက်အအုံ အချိန်မီပြီးစီးရေးနှင့် ခင်းကျင်းမှုတို့ကို ကဏ္ဍအလိုက် ပြည့်စုံအောင်ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ စာဆိုဗိမာန်သုံးထပ်(RC) အဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ Myanmar land and development ltd မှ Project ဒါရိုက်တာ ဒေါ်ယုယုနိုင်က စာဆိုဗိမာန် သုံးထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် အခန်းများပြင်ဆင်ဖွဲ့စည်းထားရှိမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက စာဆိုဗိမာန်တည်ဆောက်ပြီးပါက အခန်းများအတွင်း ထားသိုပြသမည့် ရုပ်တုပစ္စည်းများနှင့်ပုံများဖြင့် စာဆိုဗိမာန်၏ ရုပ်လုံးကိုပေါ်လွင်လာစေရန် ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ ပြင်ဆင်ခင်းကျင်းမှုများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး ကြိုတင်ဆောင်ရွက်အတည်ပြုချက်ရယူ၍ လုပ်ဆောင်သွားကြရန်လိုအပ်ပါကြောင်း၊ အဆောက်အအုံအချိန်မီပြီးစီးရေးနှင့် ခင်းကျင်းမှုတို့ကို စာပေ/ ရုပ်ရှင်/ ဂီတ/ သဘင် စသည့်ကဏ္ဍအလိုက် ပြည့်စုံအောင် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားပြီး တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်