Skip to main content

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်းလုပ်ငန်း အသိပေးကြေညာခြင်း

၁။ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၇-၇-၂၀၂၅ ရက်နေ့(တနင်္ဂနွေနေ့) နံနက်(၆:၀၀)အချိန်၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

၂။ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ပါသည်။

၃။ အောင်စာရင်းထုတ်ပြန်မည့် ၂၇-၇-၂၀၂၅ ရက်နေ့၊ နံနက်(၄)နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။

၄။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာပေးမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

၅။ မိဘပြည်သူများ သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်းကြည့်ရှုရန် လာရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

၆။ အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ်(၀၁-၆၅၃၅၀၉)သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၇-၇-၂၀၂၅ ရက်နေ့(တနင်္ဂနွေနေ့)တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပညာရေးဝန်ကြီးဌာန