နေပြည်တော် ဇူလိုင် ၂၂
နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ မူဝါဒအရဆက်စပ်လျက်ရှိသော ကိစ္စရပ်များဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပို့ကုန်ရငွေဝင်ရောက်မှုအပေါ်မူတည်၍ သွင်းကုန်လိုင်စင်ချပေးသည့်ကိစ္စရပ်များ၊ တန်ဖိုးမြင့်ကုန်စည်များနှင့်စပ်လျဉ်း၍ ထောက်ခံချက်ထုတ်ပေးလျက်ရှိသည့်ကိစ္စရပ်များနှင့် ပို့ကုန်ဝင်ရောက်မှုအပေါ် အခက်အခဲမရှိစေရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။
သတင်းစဉ်