နေပြည်တော် ဇူလိုင် ၂၂
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “အနာဂတ် ကမ္ဘာစိမ်းလန်းစိုပြည်ဖို့ တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင် အလေးထားဆောင်ရွက်စို့” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဇူလိုင်လ) ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၅ ခုနှစ် ဇူလိုင်လထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်တွင် ဒေါက်တာခင်မောင်ညို၊ ခင်မောင်အေးတို့၏ “အနာဂတ် ကမ္ဘာစိမ်းလန်းစိုပြည်ဖို့ တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင် အလေးထားဆောင်ရွက်စို့” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ညီညီဖေ၊ ကိုဇော်ဌေး(ယဉ်ကျေးမှု)၊ ညီမော်သိမ်း၊ ဝင်းထွဋ်ဦးတို့၏ လူငယ်ရေးရာဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ ရွှေသင်(MPP)၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ မြသဲ(သုတေသန)၊ မြသိန်း၊ ရှင်စောဖြူတို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ရဲထက်ဇော်၊ မြင့်မောင် (Phil-Q) တို့၏ စီးပွားရေး ဆိုင်ရာဆောင်းပါးများ၊ နေ၏ လူကုန်ကူးမှုဆိုင်ရာဆောင်းပါး၊ ဇွန်ရွှေထိုက်၏ မူးယစ်ဆေးဝါးဆိုင်ရာဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ ဒေါက်တာသန်းထွဋ်၊ စိုးစိုး(ပန်းတောင်း)၊ ကိုကိုအောင် (အလုပ်သမား)တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊ ပါမောက္ခဦးသိန်းလှိုင်၊ ကြည်လွင်ဦး(ရေနံ)၊ ထက်ဝေအောင်(စစ်ကိုင်း)၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ ဆောင်းဝင်းလတ်၊ စိန်ဝင်းမော်၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်