Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၂၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် စတုရက္ခိတ(မိတ္ထီလာ)ကျောင်းတိုက်၌ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြား၍ ကော်မရှင်ရုံးအဖွဲ့နှင့် တာဝန်ရှိသူများထံ ရတနာတန်းဝင်ကျွန်းပင်များ လွှဲပြောင်းပေးအပ်ပြီး သတ်မှတ်နေရာ၌ ရတနာတန်းဝင်ကျွန်းပင်ကို စတင်စိုက်ပျိုးပေးကာ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းပင် ၃၅၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်