နေပြည်တော် အောက်တိုဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်)မှတာဝန်ရှိသူများ က လှူဒါန်း ငွေကျပ်(၁၅)သိန်းကို ပေးအပ် လှူဒါန်းရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ယခုလှူဒါန်းသည့် အလှူငွေများအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသမှုပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နေပြည်တော် ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်၊ ပြန်/ဆက်)