Skip to main content

စခန်းဝင်အားကစားသမားများအတွက် အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၂၈

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသည့် အားကစားသမားများအတွက် လိုအပ်သော Sports Nutrition အာဟာရပိုင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်ညနေပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အားကစားသမားများ အားကစားနည်းအလိုက် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများပြုလုပ်ပြီးချိန်တွင် ကုန်ခန်းသွားသည့်အင်အားများကို ပြန်လည်ဖြည့်တင်းပေးရန်နှင့် လိုအပ်သည့် Sports Nutrition အာဟာရပိုင်းဆိုင်ရာများ၌ ထိထိရောက်ရောက် အားဖြည့်ကျွေးမွေးစေလိုကြောင်းနှင့် အာဟာရပြည့်ဝအောင် ထပ်မံကျွေးမွေးသင့်သည့်ပုံစံနှင့် အစားအစာများကို အသေးစိတ်ဆွေးနွေးပြောကြားသည်။

ထို့နောက် အုပ်ချုပ်သူ၊ နည်းပြများက အားကစားနည်းအလိုက် ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်