နေပြည်တော် ဇွန် ၂၈
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာ၊ အဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်လျက်ရှိသည့် ကံ့ကော်အိမ်ရာ တိုက်အမှတ် (၂၁၅)၊ ဘူးကွဲအိမ်ရာ တိုက်အမှတ် (၃၁၀၇)၊ (၃၁၀၈)၊ (၆၂၁၂)နှင့် သဇင် (၁) အဆောင် (၄)၊ (၁၂)၊ သဇင် (၅) အဆောင်(၇)၊ (၉)၊ (၁၀)၊ သဇင် (၆) အဆောင် (၃) တို့သို့ သွားရောက်ကြည့်ရှုပြီး နေထိုင် သည့် ဝန်ထမ်းများနှင့် မိသားစုများကို တွေ့ဆုံကာ နေထိုင်ရေး အဆင်ပြေမှုရှိ၊ မရှိနှင့် လျှပ်စစ်မီး၊ သောက်သုံးရေရရှိမှုအခြေအနေတို့ကို စိစစ်မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး အိမ်ရာ၊ အဆောင်ဝန်းကျင် အမှိုက်ကင်းစင်ရေးနှင့် သန့်ရှင်းသာယာရေးကို ပုံမှန်စုပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသော အိမ်ရာ၊ အဆောင်စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်