မော်လမြိုင် ဇွန် ၂၆
မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချနိုင်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲကို သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (မော်လမြိုင်) ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်က မွန်ပြည်နယ်အတွင်း Fire Hotspot အရေအတွက် များပြားနေခြင်းကို လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့နှင့် Fire Hotspot များအား ရှာဖွေဖော်ထုတ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မီးခိုးမြူငွေ့နှင့် Fire Hotspot ဖြစ်ပေါ်မှုလျှော့ချနိုင်ရေးနည်း လမ်းများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ် သမဝါယမဦးစီးဌာနနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း (မော်လမြိုင်) မှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်