နေပြည်တော် ဇွန် ၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် သက်ရောက်မှုရှိခဲ့သည့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများ ကို ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်
ထို့ပြင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုခိုင်မာစေရန် အတူတကွဆက်လက်လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။
သတင်းစဉ်