Skip to main content

ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲဆုပေးပွဲပြုလုပ်

နေပြည်တော် ဇွန် ၁၆

၂၀၂၅ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်းပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်ကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တံခွန်စိုက်ဒိုင်းဆုရရှိသည့် ဧရာဝတီရေတပ်စခန်းဌာနချုပ် အသင်းအား ကာကွယ်ရေးဦးစီးချုပ် (ရေ) ကိုယ်စား ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးကလည်းကောင်း၊ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများအား တာဝန်ရှိသူများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်းကိုးသင်းဖြင့် ဇွန် ၁၅ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်