Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့၌ ကျင်းပသော 2nd Belt and Road Initiative Science and Technology Exchange Conference သို့ တက်ရောက်

နေပြည်တော် ဇွန် ၁၂

2nd Belt and Road Initiative Science and Technology Exchange Conference အခမ်းအနား သို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့၌ ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၁၀ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Chen Jiachang နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ရေး၊ ပူးတွဲသုတေသနလုပ်ငန်း များဆောင်ရွက်ရေး၊ နယ်ပယ်အသီးသီးတွင် AI နည်းပညာအသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် 2nd Belt and Road Initiative Science and Technology Exchange Conference အခမ်းအနားတွင် ခင်းကျင်းပြသထားသော နည်းပညာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဇွန် ၁၁ ရက်နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် 2nd Belt and Road Initiative Science and Technology Exchange Conference ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Goals and Practice of Poverty Alleviation Through Science and Technology ဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး သိပ္ပံနှင့် နည်းပညာဖလှယ်ရေးဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်