နေပြည်တော် ဇွန် ၉
အမျိုးသမီးတစ်ဦးကို တရုတ် ဇနီးမယားအဖြစ် ပို့ဆောင် ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နေ မ---- ၁၅/၂၀၂၅ နှစ်၏ အလုပ်အကိုင်နှင့် ဝင်ငွေအခက်အခဲဖြစ်ပေါ်နေမှုအပေါ်မူတည်၍ ငွေကြေးမက်လုံးပေး စည်းရုံးခေါ်ဆောင်ပြီး တရုတ်နိုင်ငံရှိ လူပွဲစားထံပို့ဆောင်ကာ တရုတ်ယောကျာ်းထံ ပေးစား/ရောင်းစားရန် စီစဉ်လုပ်ဆောင်ခဲ့ကြသူများဖြစ်သည့် မခမ်းအိန် အမှတ်(၈) ပန်လုံ(၁)လမ်း ကောင်းမူးတုံရပ်ကွက်မူဆယ်မြို့၊ စိုင်းမြင့်ဦး(ခ) အိုက်မြင့်ဦး(လိပ်စာတူ)၊ မမိုခေး (ခ) အိုက်လောဝ် (လိပ်စာတူ)နှင့် ကြည်ဝင်း(ခ)ခေးလျန်း(ခ)ကိုစိုင်း ဟိုမွန်ရပ်ကွက် မူဆယ်မြို့နေသူတို့အား မူဆယ်မြို့မရဲစခန်း (ပ)၆၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ-၃၇/၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။
မူဆယ် ခရိုင်တရားရုံးမှ ဇွန် ၅ ရက်တွင် တရားခံ မခမ်းအိန်၊ စိုင်းမြင့်ဦး(ခ)အိုက်မြင့်ဦးနှင့် မမိုခေး(ခ) အိုက်လောဝ်တို့ သုံးဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် လည်းကောင်း၊ တရားခံကြည်ဝင်း (ခ)ခေးလျန်း(ခ) ကိုစိုင်းအားလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၇ အရ ထောင်ဒဏ် ငါးနှစ်ကျခံစေရန်လည်းကောင်း အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံမမိုးအား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်