Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၉

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားမှုများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ယခင်ထက်ပိုမို တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းတို့အတွက် တရုတ်နိုင်ငံမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ ဆောင်ရွက်ဆဲကမ်းလွန်လုပ်ကွက်တွင် ဆက်လက်ဆောင်ရွက်မည့် ရှာဖွေ၊ တူးဖော်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် တရုတ်ကုမ္ပဏီများအား တွန်းအားပေးကူညီဆောင်ရွက်ရေး၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများရယူပြီး ရေနံချက်စက်ရုံသစ် စီမံကိန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်း များတွင်ပါဝင်သည့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်