Skip to main content

ယခုတစ်ပတ်တွင် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ၆၁၈၅ ကျပ် သတ်မှတ်

နေပြည်တော် ဇွန် ၉

စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းသည့် စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းရာတွင် ပြည်ပမှတင်ပို့နိုင်ငံများ၏ ဈေးနှုန်းအတက်အကျအပေါ်မူတည်ပြီး ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်ရောင်းချပေးနိုင်ရေးကို စနစ်တကျထိန်းကျောင်းပေးနေကြောင်းလည်း ကြားသိရသည်။

လက်ကားရည်ညွှန်းစားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၆၁၈၅ ကျပ်ဟု ကြေညာထားသည်ကိုတွေ့ရပြီး ယခုနှစ် ဇန်နဝါရီလ ရည်ညွှန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာငွေကျပ် ၁၀၀၀ ကျော် အထိ ကျဆင်းလာကြောင်း တွေ့ရသည်။

ဆီဆိုတာ ကျွန်မတို့နေ့စဉ်စားသုံးနေကြရတာ။ အခုနောက်ပိုင်း ဈေးလည်းကျသလို ဝယ်ရတာလည်း ပိုအဆင်ပြေလာပါတယ်။ အရင်ကထက် ငွေကျပ် ၁၀၀၀ လောက် သက်သာတော့သုံးရတာ ပိုအဆင်ပြေတာပေါ့။ လက်လီဝယ်ကြရတာဈေးသက်သာပြီး အလွယ်တကူဝယ်လို့ရတယ်။ တော်တော်လေးအဆင်ပြေတယ်။ ဈေးနှုန်းကလည်း ကျလာတော့အတိုင်းထက်အလွန်ပေါ့ဟု တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံမဝင်းဝင်းမာက သူ့အမြင်ကို ပြောပြသည်။

သတင်းစဉ်