Skip to main content

မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်၍ အလှူငွေများ ထောက်ပံ့လှူဒါန်း

နေပြည်တော် ဇွန် ၉

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) မှ ဥက္ကဋ္ဌဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များသည် ဇွန် ၇ ရက် နှင့် ၈ ရက်တို့တွင် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့သွားရောက်၍ အလှူငွေများ လှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ်ပြန်လည်တည်ဆောက်ရန် ပျဉ်းမနားမြို့နယ် ကျောင်းကုန်းပရိယတ္တိကျောင်းတိုက် နံတော်စဉ် ပရိယတ္တိစာသင်တိုက် တောင်သာဘိုးဘွားရိပ်သာ သန္တာရာမ သီလရှင်စာသင်တိုက် ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း ဇေယျာသီရိမြို့နယ်၊ ကျောက်ချက် (အလယ်ရွာ) ကျောင်းတို့အတွက် အလှူငွေ သိန်း ၂၅၀၀ ကို လည်းကောင်း။

 ဇွန် ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ ဆရာမကြီးများ၏ နေအိမ်နှစ်လုံးဆောက်လုပ်ရန် စစ်ကိုင်းမှ အငြိမ်းစား ဆရာ ဆရာမကြီးများ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သောဆေးဝါးများဝယ်ယူရန် မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီစက် နှစ်လုံး၊ ချွဲစုပ်စက် နှစ်လုံးနှင့် သွေးစစ်ဌာနနှင့် ခွဲစိပ် ခန်းသုံးပစ္စည်းများ နှစ်လစာ ဝယ်ယူရန်အတွက် စုစုပေါင်း အလှူငွေ ၇၀၈ သိန်းကိုလည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းစဉ်