နေပြည်တော် ဇွန် ၉
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက် တစ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာဟာရီရှ် ချန်ဒရာဂီမီရေးအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများအပေါ် နီပေါနိုင်ငံက ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားပြီး နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်