Skip to main content

နေပြည်တော်၌ ဈေးကားများဖြင့် ၆၉ ရက်မြောက် လှည့်လည်ရောင်းချ

နေပြည်တော် ဇွန် ၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ ဇွန် ၈ ရက် တွင် ၆၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဇွန် ၈ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ - Export Quality) ၁၀ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ငါးအိတ်၊ ဆားနှစ်ပိဿာ ၇၅ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၁၅ ထုပ်၊ ငါးပိတစ်ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားပါ ငါးထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ လေးထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ခုနစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ငါးထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ လေးထုပ်၊ ကြက်ဥအလုံး ၅၀၊ ဘဲဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် နှစ်ထုပ် တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်