နေပြည်တော် ဇွန် ၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ရာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းများ နေထိုင်မှုအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးဧရိယာအတွင်း၌ တည်ဆောက်လျက်ရှိသည့် ဘာရှာလိုင်းခန်းများ၊ Container House များ ဆောက်လုပ်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ထိုသို့ကြည့်ရှုစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အဆောက်အအုံများ၏ ခိုင်ခံ့မှု၊ ရေမီးရရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေးတို့နှင့် မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်ရေး၊ ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံများဖြစ်စေရေး၊ ဝန်ထမ်းများ နေထိုင်စားသောက်ရာတွင် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် အစီအမံများရေးဆွဲရေး၊ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးစေရေးတို့ကို မှာကြားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။
သတင်းစဉ်