Skip to main content

တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော အစားအသောက်နှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုအများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင်အချိုရည်ဘူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစား အသောက်အမယ်အား စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် အသိပေးအပ်ပါသည်။

ဖြန့်ဖြူး/ရောင်းချသူများအနေဖြင့် ၎င်းအစား အသောက်အမယ်အား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါကအမျိုးသားအစား အသောက်ဥပဒေပုဒ်မ၂၈ (က) အရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေး ကြေညာလိုက်သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန