Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ယာယီစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြည်ပအလှူရှင်များက AHA Centre မှတစ်ဆင့် လှူဒါန်းသော ယာယီစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

အဆိုပါယာယီစာသင်ဆောင်သည် အလျားပေ ၉၀၊ အနံပေ ၃၀ ရှိ အသင့်တပ်ဆင်သုံးစွဲနိုင်သည့် ကွန်တိန်နာအဆောက်အအုံဖြစ်ပြီး တည်ဆောက်ချိန် ၁၀ ရက်ခန့်ဖြင့် ဆောက်လုပ်နိုင်ကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ငါးဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ငါးဆောင်စီဖြင့် စုစုပေါင်း ယာယီစာသင်ဆောင် အဆောင် ၂၀ ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့်ဖြင့် တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်