နေပြည်တော် ဇွန် ၂
Naypyitaw State Academy ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်ကာလသင်တန်းများ အားလုံးကို ယနေ့တွင်စတင်ဖွင့်လှစ်ရာ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
Naypyitaw State Academy ၏ အတန်း အသီးသီးသို့ ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားစေရေးအတွက် တက္ကသိုလ်၏ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများက လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးကြသည်။
Naypyitaw State Academy တွင် ၂၀၂၄-၂၀၅ ပညာသင်နှစ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာ၊ စီးပွားရေးပညာ၊ ဥပဒေပညာ၊ လူမှုရေးပညာ၊ အားကစားပညာနှင့်ဆေးပညာ အထူးပြုဘာသာရပ်များ၏ ပထမနှစ်မှ နောက်ဆုံးနှစ်ဂုဏ်ထူးတန်းအထိ ဘွဲ့ကြိုသင်တန်းများ၊ မဟာအရည်အချင်း စစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ Naypyitaw State Academy တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ ပျဉ်းမနား၊ နေပြည်တော်(သို့မဟုတ်) လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိမြို့နယ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
သတင်းစဉ်