Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် (၁၅) ကြိမ်မြောက် အောက်တိန်း (92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန်နှင့် (၁၆) ကြိမ်မြောက် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ လွှဲပြောင်းလက်ခံ

ရန်ကုန် မေ ၂၅

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက်လှူဒါန်းသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန် တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေ ၂၃ ရက် နံနက် ၂ နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့လည်းကောင်း၊ (၁၆) ကြိမ်မြောက်လှူဒါန်းသည့် Modular (prefa-bricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် ယမန်နေ့ညနေ ၄ နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။

ထိုသို့ BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ရောက်ရှိလာသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန်တို့ကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး အဆိုပါရောက်ရှိလာသည့် အောက်တိန်းနှင့် ဒီဇယ်များကို ငလျင်ဘေးသင့်ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

ဆက်လက်၍ သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိလာသည့် Modular (prefabricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တို့ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး​ Mr. Ouyang Daobing က တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများထံ ၎င်းဆိပ်ကမ်း၌ လွှဲပြောင်းပေးပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့် တင်ဆောင်နေသည့်အခြေအနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)