Skip to main content

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း သက်သာသောဈေးနှုန်းများဖြင့် ၅၅ ရက်မြောက် လှည့်လည်ရောင်းချ

နေပြည်တော် မေ ၂၅

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၅၅ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးသည်။

မေ ၂၅ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၃၈ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂အိတ်၊ ဆီ ပိဿာ ၁၃၂၀၊ ဆားရှစ်ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၃၂ ထုပ်၊ ငါးပိ သုံးပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၁၃ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၂ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၈ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၂၂ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ကြက်ဥအလုံး၃၂၀၊ ဘဲဥ အလုံး ၇၀၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်