Skip to main content

ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ သွားရောက်လေ့လာ

နေပြည်တော် မေ ၂၀

နေပြည်တော်ကောင်စီနယ်မြေ၌ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသားများနှင့် နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦးတို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ ပုံစံငယ်များ၊ အထင်ကရနေရာများနှင့် တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအထိမ်းအမှတ်ပြယုဂ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်