Skip to main content

ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံနှင့် ဟင်းသီးဟင်းရွက်များကို လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၁၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

မေ ၁၉ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ - Export Quality) ၅၂ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၂ အိတ်၊ ဆီပိဿာ ၁၅၄၀ ၊ ဆား ၁၀ ပိဿာ၊ ကုလားပဲ ၂၀ ကျပ် သားပါအိတ်အထုပ် ၅၀၊ ငါးပိ ၂ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၂၃ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၉ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၂၁ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၈ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ကြက်ဥ အလုံး ၄၈၀ ၊ ဘဲဥအလုံး ၇၀ ၊ ခေါက်ဆွဲခြောက် ၁၂ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၁၉ ရက်တွင် အမဲသားပိဿာ ၂၅၀ ၊ ဆိတ်သား ပိဿာ ၁၀၀ ၊ ကြက်သား ပိဿာ ၂၅၀ (အကောင်လိုက် အမွေးနုတ်အူဖယ်ပြီး)၊ ဝက်သားပိဿာ ၁၅၀ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့တိုင်း လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက် ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများစသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူ များသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ မန္တလေးမြို့တွင် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) အိတ်၂၀ ၊ စားအုန်းဆီ ပိဿာ၂၂၀၀၊ ဆား ၁ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ၂၅ ကျပ်သားပါ လေးထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ တစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား နှစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား နှစ်ထုပ်၊ ကြက်ဥအလုံး ၂၅၁၀၊ ဘဲဥအလုံး ၆၀၀ နှင့် ခေါက်ဆွဲ ခြောက် ၄၅ ထုပ်တို့ကို ရောင်းချ ပေးခဲ့ပြီး နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်