နေပြည်တော် မေ ၁၈
နေပြည်တော်ကောင်စီနယ်မြေသို့ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်း စခန်း ၁၁ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
မွန်းလွဲပိုင်းတွင် ရေကြောင်းလူငယ်မောင်မယ်များသည် သူရဲကောင်းဗိမာန်သို့ သွားရောက်လေ့လာကြရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်