နေပြည်တော် မေ ၁၇
မေ ၁၅ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် လမ်းလျှောက်လာသူ မောင်လှဝင်း၊ မောင်မြသန်းနှင့် ညိမ်းကိုတို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၃၈၀) သိမ်းဆည်းရမိသဖြင့် မောင်လှဝင်း (၃၈) နှစ်၊ မောင်မြသန်း (၃၇) နှစ်နှင့် ညိမ်းကို (၂၅) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်