Skip to main content

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ၄၇ ရက်မြောက် လှည့်လည်ရောင်းချ

နေပြည်တော် မေ ၁၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၇ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မေ ၁၇ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၆၂ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၃ အိတ်၊ ဆီပိဿာ ၁၇၆၀၊ ဆား ၉ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် အထုပ် ၆၀၊ ငါးပိ ၂ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ ၂၆ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ပါ ၂၄ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၂၂ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၂၅ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ ကြက်ဥအလုံး ၅၅၀၊ ဘဲဥ အလုံး ၈၀၊ ခေါက်ဆွဲခြောက် ၁၄ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့်ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ မေ ၁၇ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) လေးအိတ်၊ စားအုန်းဆီ ပိဿာ ၅၀၊ ဆား သုံးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိတစ်ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါသုံးထုပ်၊ ကြက်ဥအလုံး ၆၀၊ ဘဲဥအလုံး ၂၀၊ ကြက်သွန်နီ ငါးပိဿာနှင့် အသားတုနှစ်ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီပိဿာ ၂၂၀၀၊ ဆား နှစ်ပိဿာ၊ ကုလားပဲ ၂၅ ကျပ် သားပါ သုံးထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ တစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား တစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သား နှစ်ထုပ်၊ ကြက်ဥအလုံး ၂၂၈၀၊ ဘဲဥ အလုံး ၅၇၀ နှင့် ခေါက်ဆွဲခြောက်အထုပ် ၃၀ တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်