နေပြည်တော် ဧပြီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မိသားစုများ၏ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ယနေ့) မွန်းလွဲ ၄ နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်ရှိ ဥတ္တရသီရိရေလှောင်တမံ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူ များနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက်၍ ဇီဝိတဒါန ငါးများလွှတ်ပေးခဲ့သည်။
ယင်းဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားတွင် ငါးကြင်းကောင်ရေ ၃၀၀၀ ကို ရေလှောင်တမံ အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်