နေပြည်တော် ဧပြီ ၁၇
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနငါးပေါက်များကို နေပြည်တော်နာရီစင်အနီး မင်္ဂလာကန်အတွင်းစုပေါင်းငါးလွှတ် ခြင်းများ ပြုလုပ်ကြသည်။
ဆက်ကပ်လှူဒါန်း
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်း ခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက သံဃာတော်အရှင် သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များချီးမြှင့်ကာ ကမ္မဝါစာများကိုရွတ်ဖတ်သရဇ္ဈာယ်ကြသည်။ ယင်းနောက်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများကလှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်