ဂန့်ဂေါ မတ် ၇
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက မတ် ၁၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ပေးခြင်းများကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မြို့မ) နှင့် အ.ထ.က (ဂန့်ဂေါ) တို့တွင် ကွင်းဆင်းကုသဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းကုသမှုကို ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစန်းဝင်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား အမည်စာရင်းရေးသွင်းပြီး သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများအား အခမဲ့ပေးဝေခြင်းများကို ဆောင်ရွက်ပေးသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် အ.ထ.က (မြို့မ) မှ ကျောင်းသား ကျောင်းသူ ၂၀၊ အ.ထ.က (ဂန့်ဂေါ) မှ ကျောင်းသား ကျောင်းသူ ၈၀ စုစုပေါင်း ၁၀၀ တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်