နေပြည်တော် မတ် ၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကိုတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၅/၂၀၂၄ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၇၉/၂၀၂၄ (မန္တလေး)၊ ၈၁/၂၀၂၄ (မကွေး)၊ ၈၂/၂၀၂၄ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု တစ်မှုနှင့် တရားမအထူးအယူခံမှု သုံးမှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၆/၂၀၂၄ (ကရင်)၊ ၁၇/၂၀၂၄ (ရန်ကုန်)၊ ၁/၂၀၂၅ (မန္တလေး) နှင့် ၂/၂၀၂၅ (မန္တလေး) စုစုပေါင်းရာဇဝတ်အထူးအယူခံမှု လေးမှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်