Skip to main content

မြောင်မြို့နယ်နှင့် ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီး၊ ရေလယ်ကျွန်းဒေသအတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ ကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရပ်ကွက်/ ကျေးရွာများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်ပါသတင်းသည် ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတစ်ဆင့် အခြေအမြစ်မရှိသည့်ဓာတ်ပုံများကို အသုံးပြု၍ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။