နေပြည်တော် ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပရာကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်ဇနီး၊ ယခင်ကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင် (ငြိမ်း) များဖြစ်ကြသည့် ဒေါက်တာဒေါ်သန်းနွဲ့၊ ဦးယုလွင်အောင်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ တာဝန်ရှိသူများ နှင့်အရာထမ်း၊ အမှုထမ်းများစုံညီစွာ ပါဝင်ဆင်နွှဲကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌက ထမနဲပြိုင်ပွဲအား စည်းစည်းလုံးလုံး ကြိုးကြိုးစားစား စည်းကမ်းရှိရှိ ယှဉ်ပြိုင်ကြစေလိုကြောင်းပြောကြားပြီး ကော်မရှင်ရုံးဌာနခြောက်ခုမှ အရာထမ်း၊ အမှုထမ်းများဖြင့်ဖွဲ့စည်းထားသော ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲထိုးယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲအပြီးတွင် ကော်မရှင်ဥက္ကဋ္ဌသည် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်