Skip to main content

ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်

နေပြည်တော် ဇန်နဝါရီ ၂၀

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးနှင့် ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်ပြီး ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၄/၂၀၂၄ (ရှမ်း) နှင့် တရားမအထူးအယူခံမှုအမှတ် ၇၀/၂၀၂၄ (မန္တလေး)၊ ၇၃/၂၀၂၄ (မွန်)၊ ၇၄/၂၀၂၄ (စစ်ကိုင်း) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူး အယူခံမှု (၃) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၈/၂၀၂၄ (ရန်ကုန်)၊ ၅၉/၂၀၂၄ (ရန်ကုန်)၊ ၆၀/၂၀၂၄ (ရန်ကုန်)၊ ၆၁/၂၀၂၄(ရန်ကုန်)၊ ၇၅/၂၀၂၄(ရန်ကုန်)၊ ၇၇/၂၀၂၄(ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်