Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) သို့တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုကြိုဆို

နေပြည်တော် ဇန်နဝါရီ ၁၉

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) သို့တက်ရောက်ရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းသို့ရောက်ရှိလာသည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်း‌ဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ကြိုဆိုခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) အား ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ တက်ရောက်ရန်ရောက်ရှိနေသည့် နိုင်ငံ့သားကောင်းရတနာများအား စုဖွဲ့ပြင်ဆင်မှုများ၊ လိုအပ်သည့်အုပ်ချုပ်မှုကိစ္စရပ်များကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။