နေပြည်တော် ဒီဇင်ဘာ ၁၀
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသားကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်မှ နိုင်လင်းထွန်းက ပထမ၊ ရှမ်းပြည်နယ်မှ သန့်စင်အောင်က ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ဖိုးသောကြာက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဆွေသက်ဦးက ပထမ၊ ရှမ်းပြည်နယ်မှ သဲနုအောင်က ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ အေးချမ်းအောင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
အမျိုးသားသံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးတိုင်းဒေသကြီးမှ ထက်ကောင်းဝေက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ရဲရင့်အောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးသံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်မှ နန်းအွမ်ဆိုင်ခမ်းက ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သိမ့်သိမ့်သူက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သွယ်ဇင်နိုးကတတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
အမျိုးသမီးအလျားခုန်ပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ခိုင်သဇင်ဦးက ပထမ၊ တနင်္သာရီတိုင်းဒေသကြီးမှ မြတ်နိုးသူက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ အိအိဖြိုးကတတိယဆုကိုလည်းကောင်း၊ အမျိုးသမီးမီတာ ၄၀၀ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ နွေဦးခိုင်က ပထမ၊ ရှမ်းပြည်နယ်မှ ဇူလိုင်မိုးက ဒုတိယ၊ ရခိုင်ပြည်နယ်မှ ဝင်းဝင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသားမီတာ ၁၀၀ x ၄ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးမီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးက ဒုတိယ၊ ရခိုင်ပြည်နယ်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
အမျိုးသားမီတာ ၅၀၀၀ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ကျော်မင်းအောင်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ မြတ်ဝင်းလှိုင်ကဒုတိယ၊ ကချင်ပြည်နယ်မှ ဂျိုဆာဆည်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အိအိဝိုင်းက ပထမ၊ ရှမ်းပြည်နယ်မှ လှိုင်လှိုင်မြင့်က ဒုတိယ၊ ရှမ်းပြည်နယ်မှ ခိုင်ဖူးဝေက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ တွဲဖက်နည်းပြအဆင့် အမျိုးသားတစ်ကိုယ်တော် လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အုပ်စိုးခန့်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှချစ်ကိုကိုက ဒုတိယ၊ ရှမ်းပြည်နယ်မှ ထွန်းထွန်းမင်းက တတိယဆုကိုလည်းကောင်း၊ တွဲဖက်နည်းပြအဆင့် အမျိုးသားတစ်ကိုယ်တော် ဓားတစ်လက်စွမ်းရည်ပြပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ချစ်ကိုကိုကပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဟိန်းမင်းထွန်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ အုပ်စိုးခန့်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
လက်ထောက်နည်းပြအဆင့် အမျိုးသမီးတစ်ကိုယ်တော် ဓားနှစ်လက်စွမ်းရည်ပြပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှနန်းခင်ဧပရယ်ထွန်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ငြိမ်းသူဇာက ဒုတိယ၊ တနင်္သာရီတိုင်းဒေသကြီးမှ ခိုင်ဇင်ဝင်းက တတိယဆုကိုလည်းကောင်း၊ လက်ထောက်နည်းပြအဆင့် အမျိုးသမီးတစ်ကိုယ်တော် တုတ်ရှည်စွမ်းရည်ပြပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ နန်းခင်ဧပရယ်ထွန်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ငြိမ်းသူဇာက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ စုစုလှိုင်က တတိယဆုကိုလည်းကောင်း၊ ခွဲမှူးဆရာအဆင့် အမျိုးသားတစ်ကိုယ်တော် လှံရှည်စွမ်းရည်အပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အောင်မင်းဦးကပထမ၊ ပဲခူးတိုင်းဒေသကြီးမှ လှမင်းအောင်က ဒုတိယ၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ဝေလွင်ထွန်းက တတိယဆုကိုလည်းကောင်း၊ ခွဲမှူးဆရာအဆင့် အမျိုးသမီးတစ်ကိုယ်တော် လှံရှည်စွမ်းရည် အပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ခင်စုလင်းက ပထမ၊ ရှမ်းပြည်နယ်မှ ဟန်ငြိမ်းစုက ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ဇာဇာအောင်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
တွဲဖက်နည်းပြအဆင့် အမျိုးသမီးတစ်ကိုယ်တော် လက်သိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ကေဇင်မိုးကပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဂျူးမြတ်သွယ်က ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ဝတ်ရည်ဖြိုးကတတိယဆုကိုလည်းကောင်း၊ တွဲဖက်နည်းပြအဆင့် အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက် စွမ်းရည်ပြပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဆုသက်ဝေကပထမ၊ ကရင်ပြည်နယ်မှခိုင်သဇင်က ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ကေဇင်မိုးက တတိယဆုကို လည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲ ပြတ်၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲ-၂ ပွဲ ၊ ရှမ်းပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပရာ အမျိုးသားဂျူဒို KATA ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒုတိယ၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးဂျူဒို KATA ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ပထမ၊ မွန်ပြည်နယ်မှ ဒုတိယ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား ၅၁ ကီလိုတန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဘောင်ဆောင်က မန္တလေးတိုင်းဒေသကြီးမှ ဟိန်းထွဋ်အောင်ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောရွှေဝင်းက စစ်ကိုင်းတိုင်းဒေသကြီးမှ သူရကိုလည်းကောင်း၊ အမျိုးသား ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ရှိန်းထက်ကိုကိုက စစ်ကိုင်းတိုင်းဒေသကြီးမှ မင်းဆက်သာဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ လမင်း ကိုကိုက ချင်းပြည်နယ်မှ ဂင်ရှန်းမ္မောင်ကိုလည်းကောင်း၊ အမျိုးသား ၇၁ ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ ဇင်မင်းကိုကချင်းပြည်နယ်မှ မင်းခန့်ဝေကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ အောင်မြင့်ထွန်းက ရှမ်းပြည်နယ်မှ ထွန်းထွန်းဝင်းကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အောင်ဇင်ထိုက်က ကချင်ပြည်နယ်မှ သူရဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောငွေမိုးက ရခိုင်ပြည်နယ်မှ ဗန်လာတ်ထလျှန်ဆန်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီး ၅၂ ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ သက်ထားဗိုလ်က ရန်ကုန်တိုင်းဒေသကြီးမှ ရီရီစိုးကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ထက်ထက်အောင်က ပဲခူးတိုင်းဒေသကြီးမှ အေးအေးအောင်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးပြည့်က ဧရာဝတီတိုင်းဒေသကြီးမှ အိအိစိုးကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးမှ သင်းသင်းခိုင်က မွန်ပြည်နယ်မှ ကြည်လဲလဲ့ဦးကိုလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ မိုးပြည့်ပြည့်လွင် က ချင်းပြည်နယ်မှ ညောင်ရှန်းဟွေ့ ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ထားထားနွယ်က မန္တလေးတိုင်းဒေသကြီးမှ ချောစုမွန်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ လင်းလက်နေခြည်က မွန်ပြည်နယ်မှ သီသီ ဝင်းကိုလည်းကောင်း၊ ကရင်ပြည်နယ်မှနန်းသန္တာသိမ့်က စစ်ကိုင်းတိုင်းဒေသကြီးမှ ထက်အိန္ဒြေလှိုင်ကိုလည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ချမ်းပြည့်စိုးက ပဲခူးတိုင်းဒေသကြီးမှ သွယ်ဇင်ယွန်းကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ကိမ်ရှန်းဒိတ်ဆန်က စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းစုနွယ်ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ်ကွင်း (၁/၂)၌ ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို ၉၁ မှတ်သာ၊ ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၁၈ မှတ်သာ၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၈ ယောက်သာ၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၁၉ မှတ်သာဖြင့်လည်းကောင်း၊ အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၅ မှတ်သာ၊ ရခိုင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၈ ယောက်သာ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၄ ယောက်သာ၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃၁ မှတ်သာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄)တို့တွင် ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို တစ်ဂိုးဂိုးမရှိ၊ ရခိုင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ဂိုး-၁ ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ကြ သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့်လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ၃ ဂိုး - ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်း ကို ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၇ ဂိုး-၂ ဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၄ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး သုံးယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ-၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယနေရာလုပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ပထမဆုကို မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုကို မကွေးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ အမျိုးသမီးသုံးယောက် တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲ - ၁ ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယနေရာလုပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲ -၁ ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြပြီး ပထမဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရခိုင်ပြည်နယ်အသင်း၊ တတိယဆုကို ပဲခူးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း တိုက်ကွမ်ဒိုရုံ၌ကျင်းပရာ တိုက်ကွမ်ဒိုအတိုက် ပြိုင်ပွဲအမျိုးသားဝယ်တာ ၇၄ ကီလိုတန်း အထက်ပြိုင်ပွဲနှင့် အမျိုးသမီးဖယ်တာ ၅၆-၆၂ ကီလိုတန်းပြိုင်ပွဲတို့ကိုကျင်းပရာ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များက ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသားတစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဖြိုးဟန်ကျော်ကပထမ၊ မွန်ပြည်နယ်မှ သန့်စင်သူကဒုတိယ၊ ရှမ်းပြည်နယ်မှဟိန်းရန်ထွန်းနှင့် ကရင်ပြည်နယ်မှ မြင့်မြတ်ရွှေတို့က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းကကွက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင့်သိင်္ဂီထွန်းက ပထမ၊ ပဲခူးတိုင်းဒေသကြီးမှ သက်ထားသူဇာက ဒုတိယ၊ ရှမ်းပြည်နယ်မှ နော်ဧပြီဖောနှင့် ချင်းပြည်နယ်မှ ဖြူစင်သူတို့က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းဘော်လီဘောရုံ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ -၂ ပွဲ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအသင်းကို ၃ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို ၃ ပွဲပြတ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲ - ၂ ပွဲ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ- ၁ ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၁ ဂိုး-ဂိုးမရှိ၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအသင်းကို ၃ ဂိုး-ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို ၇ ဂိုး - ၁ ဂိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၇ ဂိုး-၁ ဂိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီး ဌာနအသင်းကို ၃ ဂိုး - ၂ ဂိုး၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၈ ဂိုး-၁ ဂိုး၊ ပြည်ထောင် စုတရားလွတ်တော်ချုပ်ရုံးအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီး ရိုက်ပွဲကို မြို့တော်ဂေါက်ကွင်း၌ကျင်းပရာ တစ်ဦးချင်းပြိုင်ပွဲ (အကျောမဲ့)၊ တစ်ဦးချင်းပြိုင်ပွဲ (အကျောပေး)၊ အသင်းလိုက်ပြိုင်ပွဲ (အကျောမဲ့)နှင့် အသင်းလိုက် ပြိုင်ပွဲ (အကျောပေး) ပြိုင်ပွဲများကို ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်း အလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစား ဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
သတင်းစဉ်