Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr . Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ရောက်ရှိသည်။

ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား တိုင်းရင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်